1. ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-
2. သူသည်တာမာကိုအလွန်ချစ်လှသဖြင့် စိတ္တဇရောဂါစွဲကပ်လာလေသည်။ နှမတော် သည်အပျိုစင်ဖြစ်သဖြင့် အာမနုန်သည် မိမိအလိုပြည့်စေရန်မကြံတတ်အောင် ဖြစ်လေ၏။-
3. သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
4. ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။
5. ယောနဒပ်က``သင်သည်ဖျားနာဟန်ပြု၍ အိပ်ရာပေါ်တွင်နေလော့။ သင့်ခမည်းတော် လာ၍ကြည့်သောအခါ`နှမတော်တာမာ အားအကျွန်ုပ်ထံသို့စေလွှတ်၍ အကျွန်ုပ် အားအစားအစာကျွေးစေတော်မူပါ။ အကျွန်ုပ်ရှေ့တွင်သူချက်၍ သူ့လက်ဖြင့် ကျွေးသောအစားအစာကိုစားလိုပါ သည်' ဟုလျှောက်ထားလော့'' ဟုအကြံ ပေး၏။-
6. သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။ဒါဝိဒ်မင်းသည်သူ့ကိုလာ၍ကြည့်သောအခါ အာမနုန်က``တာမာကိုစေလွှတ်၍အကျွန်ုပ် ရှေ့တွင်မုန့်အနည်းငယ်လုပ်စေပြီးလျှင်သူ့ လက်ဖြင့်အကျွန်ုပ်အားကျွေးမွေးစေတော် မူပါ'' ဟုလျှောက်၏။
37-38. အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။-