20. မင်းကြီးသည်အမျက်ထွက်လျက်`သင်တို့သည် ရန်သူကိုတိုက်ခိုက်ရန်အဘယ်ကြောင့်မြို့အနီး သို့ချဉ်းကပ်ကြသနည်း။ မြို့ရိုးများမှနေ၍ ရန်သူတို့သည်မြားများဖြင့်ပစ်ခတ်ကြမည် ကိုမသိကြပါသလော။-
21. ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။
22. သို့ဖြစ်၍စေတမန်သည်ဒါဝိဒ်ထံသို့သွား၍ ယွာဘအမိန့်ပေးလိုက်သည့်အတိုင်းလျှောက် ထား၏။-
23. သူသည်မင်းကြီးအား``ရန်သူတို့သည်အကျွန်ုပ် တို့ထက်အင်အားကြီးမား၍ အကျွန်ုပ်တို့အား တိုက်ခိုက်ရန်မြို့ထဲမှမြို့ပြင်သို့ထွက်လာကြ ပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်သူတို့အား မြို့တံခါးဝသို့ပြန်၍တိုက်ထုတ်လိုက်ကြ ပါ၏။-
24. ထိုအခါသူတို့သည်မြို့ရိုးမှမြားများဖြင့် ပစ်ခတ်ကြရာအရှင်မင်းကြီး၏တပ်မှူးအချို့ ကျဆုံးသွားပါ၏။ အရှင့်တပ်မှူးဥရိယလည်း ကျဆုံးပါ၏'' ဟုလျှောက်လေ၏။