၂ ရာ 11:13-25 Common Language Bible (BCL)

13. ဒါ​ဝိဒ်​သည်​သူ့​အား​ည​စာ​စား​ရန်​ဖိတ်​ခေါ်​ပြီး လျှင်​ယစ်​မူး​အောင်​သောက်​စား​စေ​၏။ သို့​သော် လည်း​ဥ​ရိ​ယ​သည်​ထို​ည​၌​လည်း​အိမ်​သို့​မ ပြန်​ဘဲ​နန်း​တော်​အ​စောင့်​တပ်​သား​များ​၏ အ​ခန်း​တွင်​စောင်​ခင်း​၍​အိပ်​လေ​သည်။

14. နောက်​တစ်​နေ့​၌​ဒါ​ဝိဒ်​သည်​ယွာ​ဘ​ထံ​သို့ စာ​တစ်​စောင်​ရေး​၍​ဥ​ရိ​ယ​နှင့်​ပေး​လိုက်​၏။-

15. စာ​တွင်``တိုက်​ပွဲ​အ​ပြင်း​ထန်​ဆုံး​ရှေ့​တန်း​စစ် မျက်​နှာ​သို့​ဥ​ရိ​ယ​အား​စေ​လွှတ်​လော့။ ထို နောက်​သူ​အ​သတ်​ခံ​ရ​စေ​ရန်​သင်​သည်​နောက် သို့​ဆုတ်​ခွာ​လာ​ခဲ့​လော့'' ဟု​ပါ​ရှိ​၏။-

16. ထို့​ကြောင့်​ယွာ​ဘ​သည်​မြို့​ကို​မိ​မိ​ဝိုင်း​ရံ လျက်​နေ​စဉ် ဥ​ရိ​ယ​အား​ရန်​သူ​အင်​အား ကြီး​မား​သည့်​စစ်​မျက်​နှာ​သို့​စေ​လွှတ်​၏။-

17. ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။

18. ထို​နောက်​ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​သို့​တိုက်​ပွဲ အ​ကြောင်း​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကာ၊-

19. စေ​တ​မန်​အား``တိုက်​ပွဲ​အ​ကြောင်း​ကို​သင် အ​စီ​ရင်​ခံ​ပြီး​သော​အ​ခါ၊-

20. မင်း​ကြီး​သည်​အ​မျက်​ထွက်​လျက်`သင်​တို့​သည် ရန်​သူ​ကို​တိုက်​ခိုက်​ရန်​အ​ဘယ်​ကြောင့်​မြို့​အ​နီး သို့​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​များ​မှ​နေ​၍ ရန်​သူ​တို့​သည်​မြား​များ​ဖြင့်​ပစ်​ခတ်​ကြ​မည် ကို​မ​သိ​ကြ​ပါ​သ​လော။-

21. ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။

22. သို့​ဖြစ်​၍​စေ​တ​မန်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ယွာ​ဘ​အ​မိန့်​ပေး​လိုက်​သည့်​အ​တိုင်း​လျှောက် ထား​၏။-

23. သူ​သည်​မင်း​ကြီး​အား``ရန်​သူ​တို့​သည်​အ​ကျွန်ုပ် တို့​ထက်​အင်​အား​ကြီး​မား​၍ အ​ကျွန်ုပ်​တို့​အား တိုက်​ခိုက်​ရန်​မြို့​ထဲ​မှ​မြို့​ပြင်​သို့​ထွက်​လာ​ကြ ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​သူ​တို့​အား မြို့​တံ​ခါး​ဝ​သို့​ပြန်​၍​တိုက်​ထုတ်​လိုက်​ကြ ပါ​၏။-

24. ထို​အ​ခါ​သူ​တို့​သည်​မြို့​ရိုး​မှ​မြား​များ​ဖြင့် ပစ်​ခတ်​ကြ​ရာ​အ​ရှင်​မင်း​ကြီး​၏​တပ်​မှူး​အ​ချို့ ကျ​ဆုံး​သွား​ပါ​၏။ အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​လည်း ကျ​ဆုံး​ပါ​၏'' ဟု​လျှောက်​လေ​၏။

25. မင်း​ကြီး​က​စေ​တ​မန်​အား``စစ်​ပွဲ​တွင်​မည်​သူ မည်​ဝါ​ကျ​ဆုံး​မည်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​ပြော​နိုင်။ သို့​ဖြစ်​၍​ယွာ​ဘ​အား​စိတ်​မ​ပျက် ရန်​အား​ပေး​စ​ကား​ပြော​ကြား​လော့။ မြို့​ကို ပို​မို​ပြင်း​ထန်​စွာ​တိုက်​စစ်​ဆင်​၍​သိမ်း​ယူ​ရန် ကို​လည်း​ပြော​လော့''ဟု​မှာ​တော်​မူ​လိုက်​၏။

၂ ရာ 11