1. ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
2. တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
3. သို့ဖြစ်၍ဒါဝိဒ်သည်လူလွှတ်၍မည်သူဖြစ် ကြောင်းစုံစမ်းစေရာဧလျံ၏သမီး၊ ဟိတ္တိ အမျိုးသားဥရိယ၏ဇနီးဗာသရှေဘ ဖြစ်ကြောင်းကိုသိရှိတော်မူရ၏။-
4. မင်းကြီးသည်လူလွှတ်၍ထိုအမျိုးသမီး အားခေါ်စေပြီးလျှင်သူနှင့်ချစ်တင်းနှီးနှော တော်မူ၏။ (ဗာသရှေဘသည်မိန်းမတို့ဋ္ဌမ္မ တာရာသီပန်းပွင့်မှုကိုသန့်စင်ပြီးစအချိန် ဖြစ်သတည်း) ထိုနောက်ဗာသရှေဘသည် အိမ်သို့ပြန်၏။-
5. မိမိ၌ပဋိသန္ဓေရှိနေကြောင်းသိရသော အခါ ဒါဝိဒ်ထံသို့သတင်းပေးပို့လျှောက် ထားလေသည်။
6. ထိုအခါဒါဝိဒ်သည်``ဟိတ္တိအမျိုးသားဥရိယ အားငါ့ထံသို့စေလွှတ်လော့'' ဟုယွာဘထံသို့ လူလွှတ်မှာကြားတော်မူ၏။ သို့ဖြစ်၍ယွာဘ သည်ဥရိယအားဒါဝိဒ်ထံသို့စေလွှတ်လိုက် လေသည်။-
7. ဥရိယရောက်ရှိလာသောအခါဒါဝိဒ်သည် ယွာဘ နှင့်စစ်သည်တော်များ၏ကျန်းမာရေးနှင့်စစ်ပွဲ အခြေအနေကိုစုံစမ်းမေးမြန်းတော်မူ၏။-
8. ထိုနောက်မင်းကြီးသည်ဥရိယအား``အိမ်သို့ ပြန်၍ခေတ္တနားနေလော့'' ဟုဆို၏။ ဥရိယ ထွက်ခွာသွားသောအခါ ဒါဝိဒ်သည်သူ၏ အိမ်သို့လက်ဆောင်တစ်ခုပေးပို့လိုက်၏။-
9. သို့ရာတွင်ဥရိယသည်အိမ်သို့မပြန်ဘဲ အစောင့်တပ်သားများနှင့်အတူနန်းတော် တံခါးဝ၌အိပ်လေသည်။-
10. ဤသို့ဥရိယအိမ်မပြန်ဘဲနေခဲ့ကြောင်း ကိုဒါဝိဒ်ကြားသိသောအခါသူ့အား``သင် သည်ခရီးဝေးမှယခုပင်ပြန်လည်ရောက် ရှိလာသည်ဖြစ်ပါလျက် အဘယ်ကြောင့် အိမ်သို့မပြန်ဘဲနေပါသနည်း'' ဟုမေး တော်မူ၏။
11. ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။
12. ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
13. ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
14. နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။-
15. စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။-
16. ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။-
17. ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။
18. ထိုနောက်ယွာဘသည်ဒါဝိဒ်ထံသို့တိုက်ပွဲ အကြောင်းအစီရင်ခံစာပေးပို့ကာ၊-
19. စေတမန်အား``တိုက်ပွဲအကြောင်းကိုသင် အစီရင်ခံပြီးသောအခါ၊-