၂ ရာ 11:1-11 Common Language Bible (BCL)

1. ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။

2. တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။-

3. သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​လူ​လွှတ်​၍​မည်​သူ​ဖြစ် ကြောင်း​စုံ​စမ်း​စေ​ရာ​ဧ​လျံ​၏​သ​မီး၊ ဟိတ္တိ အ​မျိုး​သား​ဥ​ရိ​ယ​၏​ဇ​နီး​ဗာ​သ​ရှေ​ဘ ဖြစ်​ကြောင်း​ကို​သိ​ရှိ​တော်​မူ​ရ​၏။-

4. မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။-

5. မိ​မိ​၌​ပ​ဋိ​သန္ဓေ​ရှိ​နေ​ကြောင်း​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​ထံ​သို့​သ​တင်း​ပေး​ပို့​လျှောက် ထား​လေ​သည်။

6. ထို​အ​ခါ​ဒါ​ဝိဒ်​သည်``ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​ယွာ​ဘ​ထံ​သို့ လူ​လွှတ်​မှာ​ကြား​တော်​မူ​၏။ သို့​ဖြစ်​၍​ယွာ​ဘ သည်​ဥ​ရိ​ယ​အား​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​လိုက် လေ​သည်။-

7. ဥရိယ​ရောက်​ရှိ​လာ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ နှင့်​စစ်​သည်​တော်​များ​၏​ကျန်း​မာ​ရေး​နှင့်​စစ်​ပွဲ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။-

8. ထို​နောက်​မင်း​ကြီး​သည်​ဥ​ရိ​ယ​အား``အိမ်​သို့ ပြန်​၍​ခေတ္တ​နား​နေ​လော့'' ဟု​ဆို​၏။ ဥ​ရိ​ယ ထွက်​ခွာ​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​၏ အိမ်​သို့​လက်​ဆောင်​တစ်​ခု​ပေး​ပို့​လိုက်​၏။-

9. သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​အိမ်​သို့​မ​ပြန်​ဘဲ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​နန်း​တော် တံ​ခါး​ဝ​၌​အိပ်​လေ​သည်။-

10. ဤ​သို့​ဥ​ရိ​ယ​အိမ်​မ​ပြန်​ဘဲ​နေ​ခဲ့​ကြောင်း ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ့​အား``သင် သည်​ခ​ရီး​ဝေး​မှ​ယ​ခု​ပင်​ပြန်​လည်​ရောက် ရှိ​လာ​သည်​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့် အိမ်​သို့​မ​ပြန်​ဘဲ​နေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။

11. ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။

၂ ရာ 11