7. ထိုသတင်းကိုကြားသိသောအခါဒါဝိဒ်သည် ယွာဘနှင့်တပ်မတော်တစ်ခုလုံးကိုချီတက် စေ၏။-
8. အမ္မုန်ပြည်သားတို့သည်ရဗ္ဗာမြို့မှထွက်ပြီး လျှင် မြို့တံခါးအနီးတွင်နေရာယူကြ၏။ ရှုရိပြည်သားများ၊ တောဘမြို့သားများ နှင့်မာခါ၏လူများအစရှိသောအခြား သူတို့မူကားလွင်ပြင်၌နေရာယူကြ လေသည်။
9. ရန်သူတပ်များသည်မိမိတို့အားရှေ့နှင့်နောက် မှတိုက်ခိုက်ကြမည်ကိုသိသဖြင့် ယွာဘသည် လက်ရွေးစင်ဣသရေလစစ်သည်များကိုရှုရိ အမျိုးသားတို့ဘက်သို့မျက်နှာမူ၍နေစေ၏။-
10. အခြားတပ်သားများကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူတို့အား အမ္မုန်ပြည်သားတို့ဘက်သို့မျက်နှာမူ၍နေရာ ယူစေ၏။-