5. သူတို့သည်ပြန်လာရန်အလွန်ရှက်ကြ၏။ ထိုအကြောင်းကိုဒါဝိဒ်ကြားသောအခါ လူစေလွှတ်ပြီးလျှင်သူတို့အား မိမိတို့ မုတ်ဆိတ်များပြန်၍ရှည်လာသည့်တိုင်အောင် ယေရိခေါမြို့တွင်နေပြီးမှမြို့တော်သို့ ပြန်လာကြရန်မှာကြားတော်မူလိုက်၏။
6. အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။-
7. ထိုသတင်းကိုကြားသိသောအခါဒါဝိဒ်သည် ယွာဘနှင့်တပ်မတော်တစ်ခုလုံးကိုချီတက် စေ၏။-
8. အမ္မုန်ပြည်သားတို့သည်ရဗ္ဗာမြို့မှထွက်ပြီး လျှင် မြို့တံခါးအနီးတွင်နေရာယူကြ၏။ ရှုရိပြည်သားများ၊ တောဘမြို့သားများ နှင့်မာခါ၏လူများအစရှိသောအခြား သူတို့မူကားလွင်ပြင်၌နေရာယူကြ လေသည်။
9. ရန်သူတပ်များသည်မိမိတို့အားရှေ့နှင့်နောက် မှတိုက်ခိုက်ကြမည်ကိုသိသဖြင့် ယွာဘသည် လက်ရွေးစင်ဣသရေလစစ်သည်များကိုရှုရိ အမျိုးသားတို့ဘက်သို့မျက်နှာမူ၍နေစေ၏။-