5. ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
6. ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
7. ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊-
8. မင်းကြီးသည်ကျွန်တော်အားမည်သူဖြစ် သည်ကိုမေးတော်မူသဖြင့် ကျွန်တော်က အာမလက်ပြည်သားဖြစ်ကြောင်းဖြေ ကြားလျှောက်ထားပါ၏။-
9. ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။-
10. မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။
11. ဒါဝိဒ်နှင့်သူ၏လူတို့သည်ဝမ်းနည်းကြေကွဲ သည့်အနေဖြင့် မိမိတို့၏အဝတ်များကို ဆုတ်ဖြဲကြ၏။-
12. သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
13. သတင်းယူဆောင်လာသူလူငယ်အားဒါဝိဒ် က``သင်သည်အဘယ်ပြည်သားနည်း'' ဟုမေး လျှင်၊``ကျွန်တော်သည်အာမလက်ပြည်သားဖြစ် ပါ၏။ သို့ရာတွင်အရှင်၏ပြည်တွင်နေထိုင် ပါသည်'' ဟုပြန်၍လျှောက်၏။
14. ဒါဝိဒ်က``သင်သည်အဘယ်ကြောင့်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင်ကို သတ်ဝံ့ပါသနည်း'' ဟုဆိုပြီးလျှင်ငယ်သား တစ်ယောက်ကိုခေါ်၍``ဤသူကိုကွပ်မျက်ပစ် လော့'' ဟုအမိန့်ပေးရာ၊-
15. ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။-