၂ ရာ 1:20-26 Common Language Bible (BCL)

20. ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်းအာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။

21. ``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည်သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။

22. ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊ယော​န​သန်​၏​လေး​သည်​အာ​နိ​သင်​ထက်​လှ​၍ ရှော​လု​၏​ဋ္ဌား​သည်​သ​နား​ညှာ​တာ​မှု​မ​ရှိ။

23. ``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲလင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။

24. ``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။သူ​သည်​သင်​တို့​အား​ကမ္ဗ​လာ​နီ​ထည်​ကို ဝတ်​ဆင်​စေ​၍ကျောက်​မျက်​ရ​တ​နာ၊ရွှေ​တန်​ဆာ​ဖြင့် ဆင်​ယင်​ပေး​တော်​မူ​၏။

25. သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​ကျ​ဆုံး ကြ​လေ​ပြီ။ သူ​တို့​သည်​တိုက်​ပွဲ​တွင်​အ​သတ်​ခံ​ရ​ကြ​၏။ယော​န​သန်​သည်​တောင်​ကုန်း​များ​ပေါ်​တွင် လဲ​၍​သေ​နေ​လေ​ပြီ။

26. ``ငါ့​ညီ​ယော​န​သန်၊ငါ​သည်​သင့်​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ပါ​၏။ငါ​သည်​သင့်​ကို​လွန်​စွာ​ချစ်​မြတ်​နိုး​ပါ​၏။ငါ့​အ​ပေါ်​၌​သင်​ထား​ရှိ​သော​မေတ္တာ​သည် အံ့​သြ​ဖွယ်​ကောင်း​၍အ​မျိုး​သ​မီး​တို့​၏​မေတ္တာ​ထက်​ပင်​လွန်​ကဲ ပါ​ပေ​သည်။

၂ ရာ 1