14. ဒါဝိဒ်က``သင်သည်အဘယ်ကြောင့်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင်ကို သတ်ဝံ့ပါသနည်း'' ဟုဆိုပြီးလျှင်ငယ်သား တစ်ယောက်ကိုခေါ်၍``ဤသူကိုကွပ်မျက်ပစ် လော့'' ဟုအမိန့်ပေးရာ၊-
15. ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။-
16. ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
17. ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့အတွက် အောက်ပါသီချင်းကိုဖွဲ့ဆို၏။
18. ယင်းကိုယုဒပြည်သူတို့အားလည်းသင်ကြား ပေးရန်အမိန့်ပေး၏။ (ဤအကြောင်းအရာ ကိုယာရှာစာစောင်တွင်မှတ်တမ်းတင်ထား သတည်း။)
19. ``ငါတို့ခေါင်းဆောင်များကားဣသရေလ တောင်ကုန်းများတွင်သေဆုံးကြလေပြီ။သူရဲကောင်းကြီးများကျဆုံးကြလေပြီ။