၂ ရာ 1:1-14 Common Language Bible (BCL)

1. ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။-

2. နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-

3. ဒါ​ဝိဒ်​က​သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ် က​လာ​သ​နည်း'' ဟု​မေး​၏။ထို​သူ​က``ကျွန်​တော်​သည်​ဣသ​ရေ​လ​တပ်​စခန်း မှ​ထွက်​ပြေး​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​၏။

4. ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊လူ​ငယ်​က``ကျွန်​တော်​တို့​၏​တပ်​မ​တော်​သည် တပ်​လန်​၍​သွား​သ​ဖြင့် လူ​အ​များ​ကျ​ဆုံး ကြ​ပါ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​ယော န​သန်​တို့​သည်​လည်း​အ​သတ်​ခံ​ရ​ကြ​ပါ ၏'' ဟု​ဆို​၏။

5. ဒါ​ဝိဒ်​က``ရှော​လု​နှင့်​ယော​န​သန်​ကွယ်​လွန် ကြောင်း​ကို​သင်​အ​ဘယ်​သို့​သိ​သ​နည်း'' ဟု မေး​လျှင်၊

6. ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-

7. ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊-

8. မင်း​ကြီး​သည်​ကျွန်​တော်​အား​မည်​သူ​ဖြစ် သည်​ကို​မေး​တော်​မူ​သ​ဖြင့် ကျွန်​တော်​က အာ​မ​လက်​ပြည်​သား​ဖြစ်​ကြောင်း​ဖြေ ကြား​လျှောက်​ထား​ပါ​၏။-

9. ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။-

10. မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။

11. ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။-

12. သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။

13. သ​တင်း​ယူ​ဆောင်​လာ​သူ​လူ​ငယ်​အား​ဒါ​ဝိဒ် က``သင်​သည်​အ​ဘယ်​ပြည်​သား​နည်း'' ဟု​မေး လျှင်၊``ကျွန်​တော်​သည်​အာ​မ​လက်​ပြည်​သား​ဖြစ် ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏​ပြည်​တွင်​နေ​ထိုင် ပါ​သည်'' ဟု​ပြန်​၍​လျှောက်​၏။

14. ဒါ​ဝိဒ်​က``သင်​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို သတ်​ဝံ့​ပါ​သ​နည်း'' ဟု​ဆို​ပြီး​လျှင်​ငယ်​သား တစ်​ယောက်​ကို​ခေါ်​၍``ဤ​သူ​ကို​ကွပ်​မျက်​ပစ် လော့'' ဟု​အ​မိန့်​ပေး​ရာ၊-

၂ ရာ 1