၂ ယော 1:4-7 Common Language Bible (BCL)

4. သင်​၏​သား​သ​မီး​အ​ချို့​တို့​သည်​ခ​မည်း​တော် ဘု​ရား​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း သမ္မာ တ​ရား​တော်​၌​ကျင်​လည်​လျက်​နေ​ကြ​ကြောင်း တွေ့​ရ​သ​ဖြင့်​ငါ​အ​လွန်​ဝမ်း​မြောက်​၏။-

5. သို့​ဖြစ်​၍​ချစ်​သော​အ​မျိုး​သ​မီး​ကြီး၊ ငါ​တို့ အ​ချင်း​ချင်း​ချစ်​ကြ​ရန်​သင့်​အား​ငါ​တောင်း ပန်​၏။ ဤ​ပညတ်​ကား​အ​သစ်​အ​ဆန်း​မ​ဟုတ်။ အ​စ​က​တည်း​က​ပင်​လျှင်​ငါ​တို့​ရ​ရှိ​သည့် ပ​ညတ်​ဖြစ်​ပေ​သည်။-

6. ချစ်​ခြင်း​ဆို​သည်​မှာ​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​လိုက်​နာ​ကျင့်​သုံး​ခြင်း​ပင်​တည်း။ အ​စ က​တည်း​က​ပင်​လျှင် သင်​တို့​အား​လုံး​ကြား​နာ ခဲ့​ရ​သည့်​ပ​ညတ်​တော်​မှာ​မေတ္တာ​တ​ရား​ကို ကျင့်​သုံး​ရ​မည်​ဟူ​၍​ဖြစ်​သ​တည်း။

7. လူ့​ဇာ​တိ​ကို​ခံ​ယူ​၍​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မူ​သည်​ကို​လက်​မ​ခံ​ဘဲ လှည့်​ဖြား​သော သူ​အ​များ​ပင်​ကမ္ဘာ​လော​က​ထဲ​သို့​ရောက်​ရှိ​နေ လေ​ပြီ။ ထို​သို့​သော​သူ​သည်​လှည့်​ဖြား​သော​သူ၊ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။-

၂ ယော 1