21. ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုသိရှိလာပြီး နောက် မိမိတို့ခံယူရရှိထားသည့်သန့်ရှင်း မြင့်မြတ်သောအမိန့်ပညတ်ကိုစွန့်လွှတ် လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနေခြင်းကသူတို့အတွက်ပို၍ ကောင်း၏။-
22. ``ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ် ၏'' ဟူသောဆိုရိုးစကားသည်လည်းကောင်း``ဝက် ကိုရေချိုးပေးပါမူသူသည်ရွှံ့နွံတွင်ပြန်၍ လူးတတ်၏'' ဟူသောဆိုရိုးစကားသည်လည်း ကောင်းထိုသူတို့အတွက်မှန်လျက်နေတော့၏။