၂ ပေ 1:4-9 Common Language Bible (BCL)

4. ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-

5. ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊-

6. အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊-

7. ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။-

8. ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။-

9. ဤ​အ​ရည်​အ​ချင်း​များ​နှင့်​ကင်း​သူ​သည် အ​မြင်​တို​၍​မျက်​စိ​ကန်း​သူ​ဖြစ်​၏။ သူ​သည် ယ​ခင်​က​မိ​မိ​၏​အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့် ရ​ရှိ​သည်​ကို​မေ့​လျော့​လေ​ပြီ။

၂ ပေ 1