11. လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။-
12. ငါသည်တုခိတ်ကိုဧဖက်မြို့သို့စေလွှတ်လိုက်၏။-
13. သင်လာသောအခါတရောမြို့တွင်ကာပုလက်၌ ငါအပ်ထားခဲ့သည့်ဝတ်လုံနှင့်စာစောင်များ၊ အထူးသဖြင့်သားရေစာစောင်များကိုယူခဲ့ လော့။
14. ကြေးပန်းထိမ်ဆရာအာလေဇန္ဒြုသည်ငါ့အား များစွာမကောင်းကျိုးပေးခဲ့၏။ သူပြုသည့်အမှု အတွက်သခင်ဘုရားသည်သူ့အားအပြစ်ဒဏ် စီရင်တော်မူလိမ့်မည်။-
15. သင်ကိုယ်တိုင်သူ့ကိုသတိပြုလော့။ သူသည်ငါတို့ ဟောပြောသောတရားတော်ကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောဆိုသူဖြစ်သည်။
16. ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။-