၂ တိ 2:8-21 Common Language Bible (BCL)

8. ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​ဒါ​ဝိဒ် မင်း​မှ​ဆင်း​သက်​တော်​မူ​၍​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​ကို သ​တိ​ရ​လော့။-

9. ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။-

10. ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။-

11. အောက်​ပါ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​ပေ​သည်။``ငါ​တို့​သည်​ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​လိမ့်​မည်။

12. ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။

13. ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏''

14. ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​၏​လူ​စု အား​သ​တိ​ပေး​လော့။ စ​ကား​အ​သုံး​အ​နှုန်း နှင့်​ပတ်​သက်​၍​ငြင်း​ခုံ​မှု​သည်​မည်​သည့် အ​ကျိုး​ကို​မျှ​မ​ပြု​စု​တတ်။ ကြား​ရ​သူ​တို့ ၏​အ​ကျိုး​ကို​သာ​ယုတ်​စေ​တတ်​၏။-

15. သင်​သည်​ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ သော​အ​မှု​တော်​ဆောင်​အ​နေ​ဖြင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​တော်​ကို​မှန်​ကန်​စွာ​ဟော​ပြော သွန်​သင်​သူ​အ​နေ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​စေ​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​လော့။-

16. ဘု​ရား​ကို​မ​ကြည်​ညို​သော​အ​ချည်း​နှီး စ​ကား​ကို​ရှောင်​လော့။ ထို​ကဲ့​သို့​သော​စ​ကား သည် လူ​တို့​အား​ဘု​ရား​နှင့်​ပို​၍​ပင်​ဝေး ကွာ​စေ​၏။-

17. ယင်း​သွန်​သင်​ချက်​သည်​အ​သား​ကို​ပုပ်​ရိ စေ​တတ်​သည့်​ခူ​နာ​နှင့်​တူ​၏။ ထို​သို့​သွန်​သင် သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက်​တို့​လည်း ပါ​ကြ​၏။-

18. သူ​တို့​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား လျက်​သေ​လွန်​သော​သူ​တို့​သည် ရှင်​ပြန်​ထ မြောက်​ပြီ​ဟူ​၍​ဆို​ကာ လူ​အ​ချို့​တို့​၏ ယုံ​ကြည်​ခြင်း​ကို​မှောက်​လှန်​နေ​ကြ​၏။-

19. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။

20. မည်​သည့်​အိမ်​ကြီး​၌​မ​ဆို​ရွှေ၊ ငွေ​အ​သုံး အ​ဆောင်​များ​သာ​လျှင်​ရှိ​သည်​မ​ဟုတ်။ သစ် သား​နှင့်​ရွှံ့​မြေ​ဖြင့်​လုပ်​သော​အ​သုံး​အ​ဆောင် များ​လည်း​ရှိ​ပေ​သည်။ အ​ချို့​ကို​အ​ခါ​ကြီး ရက်​ကြီး​များ​၌​အ​သုံး​ပြု​၍​အ​ချို့​ကို နေ့​တိုင်း​အ​သုံး​ပြု​သည်။-

21. ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။-

၂ တိ 2