4. အလုပ်ဝတ္တရားထမ်းဆောင်နေဆဲဖြစ်သော စစ်သားသည်မိမိနှင့်မဆိုင်သည့်အရေး အခင်းများတွင်ပါဝင်မှုကိုရှောင်ရှားတတ်၏။ သူ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ မိမိတပ်မှူး၏ကျေနပ်မှုကိုရရှိရန်ပင် ဖြစ်ပေသည်။-
5. အားကစားမှုဆိုင်ရာစည်းကမ်းဥပဒေများ ကိုမလိုက်နာလျှင် အဘယ်အားကစားသမား မျှအောင်ပန်းကိုဆွတ်ခူးနိုင်လိမ့်မည်မဟုတ်။-
6. ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။-
7. ငါ့စကားကိုဆင်ခြင်လော့။ ယင်းကိုနားလည် စေရန်သခင်ဘုရားသည်သင့်အားကူညီ တော်မူလိမ့်မည်။
8. ငါဟောပြောသောသတင်းကောင်းအရဒါဝိဒ် မင်းမှဆင်းသက်တော်မူ၍သေခြင်းမှရှင် ပြန်ထမြောက်တော်မူသောယေရှုခရစ်ကို သတိရလော့။-
9. ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-
10. ထို့ကြောင့်ငါသည်ဘုရားသခင်ရွေးကောက် တော်မူသောလူစုတော်၏အတွက်မည့်သည့် ဒုက္ခဆင်းရဲကိုမဆိုခံ၏။ ဤသို့ခံခြင်းမှာ သူတို့သည်လည်းထာဝရဘုန်းအသရေ နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင် ခြင်းကိုခံရစေရန်ဖြစ်၏။-
11. အောက်ပါစကားသည်သစ္စာစကားဖြစ်ပေသည်။``ငါတို့သည်ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူရှင်လိမ့်မည်။
12. ခံနိုင်ရည်ရှိလျှင်ကိုယ်တော်နှင့်အတူစိုးစံရ လိမ့်မည်။ကိုယ်တော်အားစွန့်ပယ်လျှင်ကိုယ်တော်သည် ငါတို့အားစွန့်ပယ်တော်မူလိမ့်မည်။
13. ငါတို့သစ္စာဖောက်လျှင်ကိုယ်တော်သည် သစ္စာဖောက်တော်မမူ။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည်မိမိသစ္စာတော်ကိုပယ်ဖျက်တော်မမူနိုင် သောကြောင့်ဖြစ်၏''
14. ဤအကြောင်းအရာများကိုသင်၏လူစု အားသတိပေးလော့။ စကားအသုံးအနှုန်း နှင့်ပတ်သက်၍ငြင်းခုံမှုသည်မည်သည့် အကျိုးကိုမျှမပြုစုတတ်။ ကြားရသူတို့ ၏အကျိုးကိုသာယုတ်စေတတ်၏။-
15. သင်သည်ရှက်ကြောက်စရာအကြောင်းမရှိ သောအမှုတော်ဆောင်အနေဖြင့်လည်းကောင်း၊ သမ္မာတရားတော်ကိုမှန်ကန်စွာဟောပြော သွန်သင်သူအနေဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံတော်မူစေရန်အစွမ်း ကုန်ကြိုးစားအားထုတ်လော့။-
16. ဘုရားကိုမကြည်ညိုသောအချည်းနှီး စကားကိုရှောင်လော့။ ထိုကဲ့သို့သောစကား သည် လူတို့အားဘုရားနှင့်ပို၍ပင်ဝေး ကွာစေ၏။-
17. ယင်းသွန်သင်ချက်သည်အသားကိုပုပ်ရိ စေတတ်သည့်ခူနာနှင့်တူ၏။ ထိုသို့သွန်သင် သူတို့တွင် ဟုမေနဲနှင့်ဖိလက်တို့လည်း ပါကြ၏။-
18. သူတို့သည်သမ္မာတရားလမ်းမှလွဲသွား လျက်သေလွန်သောသူတို့သည် ရှင်ပြန်ထ မြောက်ပြီဟူ၍ဆိုကာ လူအချို့တို့၏ ယုံကြည်ခြင်းကိုမှောက်လှန်နေကြ၏။-