9. သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
10. ယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။-
11. သို့ဖြစ်၍ထိုအမှုကိုဆက်လက်ဆောင်ရွက် ကာအဆုံးသတ်ကြလော့။ သင်တို့သည်ထို အမှုကိုကြံစည်ရာတွင်စိတ်အားထက်သန် သကဲ့သို့ ဆောင်ရွက်ရာတွင်လည်းစိတ်အား ထက်သန်ကြလော့။ သင်တို့တတ်နိုင်သမျှ ပေးလှူကြလော့။-
12. သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
15. ကျမ်းစာတော်က ``များများရသောသူ မပို၊ နည်းနည်းရသောသူမလို'' ဟုဖော်ပြ သကဲ့သို့ပင်ဖြစ်ပေသည်။
16. သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
17. တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။-