6. သို့ဖြစ်၍စတင်တာဝန်ယူခဲ့သူတိတုအား ဤအလှူကိစ္စပြီးဆုံးအောင်သင်တို့ကိုကူညီ ဆောင်ရွက်ပေးရန်ငါသူ့ကိုတိုက်တွန်းခဲ့၏။-
7. သင်တို့သည်ယုံကြည်ခြင်း၊ နှုတ်သတ္တိ၊ ပညာ ဉာဏ်၊ ကူညီရန်စေတနာ၊ ငါတို့အားချစ်ခြင်း အစရှိသည့်ပါရမီတို့နှင့်ပြည့်စုံကြွယ်ဝ ကြ၏။ သို့ဖြစ်၍ဒါနပါရမီနှင့်လည်း ပြည့်စုံကြွယ်ဝကြောင်းကိုပြသကြလော့။
8. ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။-
9. သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
10. ယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။-
11. သို့ဖြစ်၍ထိုအမှုကိုဆက်လက်ဆောင်ရွက် ကာအဆုံးသတ်ကြလော့။ သင်တို့သည်ထို အမှုကိုကြံစည်ရာတွင်စိတ်အားထက်သန် သကဲ့သို့ ဆောင်ရွက်ရာတွင်လည်းစိတ်အား ထက်သန်ကြလော့။ သင်တို့တတ်နိုင်သမျှ ပေးလှူကြလော့။-
12. သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
15. ကျမ်းစာတော်က ``များများရသောသူ မပို၊ နည်းနည်းရသောသူမလို'' ဟုဖော်ပြ သကဲ့သို့ပင်ဖြစ်ပေသည်။
16. သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-