၂ ကော 8:3-4-17 Common Language Bible (BCL)

5. ဤ​သို့​ပြု​ခြင်း​သည်​ငါ​တို့​မျှော်​လင့်​သည် ထက်​ပို​ပေ​သည်။ သူ​တို့​သည်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ကို​သ​ခင်​ဘု​ရား​အား​ဆက် ကပ်​လှူ​ဒါန်း​ကြ​ပေ​သည်။ ထို​နောက်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ငါ​တို့​အား လည်း​မိ​မိ​တို့​ကိုယ်​ကို​လှူ​ဒါန်း​ကြ​၏။-

6. သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။-

7. သင်​တို့​သည်​ယုံ​ကြည်​ခြင်း၊ နှုတ်​သတ္တိ၊ ပ​ညာ ဉာဏ်၊ ကူ​ညီ​ရန်​စေ​တ​နာ၊ ငါ​တို့​အား​ချစ်​ခြင်း အ​စ​ရှိ​သည့်​ပါ​ရ​မီ​တို့​နှင့်​ပြည့်​စုံ​ကြွယ်​ဝ ကြ​၏။ သို့​ဖြစ်​၍​ဒါ​န​ပါ​ရ​မီ​နှင့်​လည်း ပြည့်​စုံ​ကြွယ်​ဝ​ကြောင်း​ကို​ပြ​သ​ကြ​လော့။

8. ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။-

9. သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။

၂ ကော 8