၂ ကော 8:1-7 Common Language Bible (BCL)

1. ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း တော်​တို့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော် မူ​သော​ကျေး​ဇူး​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ငါ​ပြော​ပြ​လို​၏။-

2. ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။-

3-4. ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။-

5. ဤ​သို့​ပြု​ခြင်း​သည်​ငါ​တို့​မျှော်​လင့်​သည် ထက်​ပို​ပေ​သည်။ သူ​တို့​သည်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ကို​သ​ခင်​ဘု​ရား​အား​ဆက် ကပ်​လှူ​ဒါန်း​ကြ​ပေ​သည်။ ထို​နောက်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ငါ​တို့​အား လည်း​မိ​မိ​တို့​ကိုယ်​ကို​လှူ​ဒါန်း​ကြ​၏။-

6. သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။-

7. သင်​တို့​သည်​ယုံ​ကြည်​ခြင်း၊ နှုတ်​သတ္တိ၊ ပ​ညာ ဉာဏ်၊ ကူ​ညီ​ရန်​စေ​တ​နာ၊ ငါ​တို့​အား​ချစ်​ခြင်း အ​စ​ရှိ​သည့်​ပါ​ရ​မီ​တို့​နှင့်​ပြည့်​စုံ​ကြွယ်​ဝ ကြ​၏။ သို့​ဖြစ်​၍​ဒါ​န​ပါ​ရ​မီ​နှင့်​လည်း ပြည့်​စုံ​ကြွယ်​ဝ​ကြောင်း​ကို​ပြ​သ​ကြ​လော့။

13-14. သင်​တို့​အား​တာ​ဝန်​လေး​စေ​၍​သူ​တစ်​ပါး တို့​အား​သက်​သာ​စေ​ရန်​ငါ​အ​ကြံ​ပြု​နေ သည်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​အ​ကြံ ပြု​ခြင်း​ဖြစ်​သည်။ ယ​ခု​အ​ခါ​သင်​တို့​၏ ချမ်း​သာ​မှု​သည်​ထို​သူ​တို့​၏​ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​သ​ကဲ့​သို့ နောင်​တစ်​နေ့​၌ ထို​သူ​တို့​၏​ချမ်း​သာ​မှု​သည်​သင်​တို့​၏ ချို့​တဲ့​မှု​ကို​ဖြည့်​ဆည်း​ပေး​နိုင်​လိမ့်​မည်။-

၂ ကော 8