1. ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်း တော်တို့အား ဘုရားသခင်ပေးသနားတော် မူသောကျေးဇူးတော်အကြောင်းကိုသင်တို့ အားငါပြောပြလို၏။-
2. ထိုအသင်းတော်တို့သည်ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ရကြ၏။ သို့သော်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည်အလွန်ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင်အတိုင်းထက်အလွန် ရက်ရောကြ၏။-
3-4. ထိုအသင်းတော်တို့သည်တတ်နိုင်သမျှ မိမိ တို့တွင်စွမ်းအားရှိသမျှထက်ပို၍ အလို အလျောက်ပေးလှူကြကြောင်းကိုသင်တို့ အားငါသက်သေခံနိုင်၏။ သူတို့သည်ယုဒ ပြည်ရှိဘုရားသခင်၏လူစုတော်အား ကူညီမစမှုတွင်ပါဝင်လိုကြ၏။ သို့ ဖြစ်၍ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့ အလိုအလျောက်ငါတို့အားတောင်းပန် ကြ၏။-
5. ဤသို့ပြုခြင်းသည်ငါတို့မျှော်လင့်သည် ထက်ပိုပေသည်။ သူတို့သည်ဦးစွာပထမ မိမိတို့ကိုယ်ကိုသခင်ဘုရားအားဆက် ကပ်လှူဒါန်းကြပေသည်။ ထိုနောက်ဘုရား သခင်၏အလိုတော်နှင့်အညီငါတို့အား လည်းမိမိတို့ကိုယ်ကိုလှူဒါန်းကြ၏။-
13-14. သင်တို့အားတာဝန်လေးစေ၍သူတစ်ပါး တို့အားသက်သာစေရန်ငါအကြံပြုနေ သည်မဟုတ်။ ညီတူညီမျှဖြစ်စေရန်အကြံ ပြုခြင်းဖြစ်သည်။ ယခုအခါသင်တို့၏ ချမ်းသာမှုသည်ထိုသူတို့၏ချို့တဲ့မှုကို ဖြည့်ဆည်းပေးသကဲ့သို့ နောင်တစ်နေ့၌ ထိုသူတို့၏ချမ်းသာမှုသည်သင်တို့၏ ချို့တဲ့မှုကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။-