၂ ကော 7:3-6 Common Language Bible (BCL)

3. ဤ​သို့​ဆို​ရာ​၌​သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ လို​၍​မ​ဟုတ်။ ယ​ခင်​က​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း ငါ​တို့​သည်​သင်​တို့​နှင့်​သေ​အ​တူ​ရှင်​မ​ကွဲ ဖြစ်​လို​သည်​တိုင်​အောင် သင်​တို့​အား​ချစ်​သော ကြောင့်​ဖြစ်​၏။-

4. ငါ​သည်​သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၏။ သင် တို့​အ​တွက်​များ​စွာ​ဂုဏ်​ယူ​ဝါ​ကြွား​၏။ အ​မျိုး မျိုး​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​တို့​ခံ​ရ​သော် လည်း ငါ​သည်​အား​တက်​လျက်​အ​တိုင်း​ထက် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။

5. မာ​ကေ​ဒေါ​နိ​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ​၌ ပင်​လျှင် ငါ​တို့​သည်​စိတ်​သက်​သာ​မှု​ကို​မ​ရ​ကြ။ အ​ရပ်​ရပ်​တွင်​အ​ခက်​အ​ခဲ​များ​ရှိ​၏။ အ​ငြင်း ပွား​မှု​များ​ရှိ​၏။ ငါ​တို့​၌​လည်း​ကြောက်​စိတ်​ရှိ​၏။-

6. သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-

၂ ကော 7