1. ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
2. ငါတို့အားသင်တို့စိတ်နှလုံးကိုဖွင့်ထားကြ လော့။ ငါတို့သည်အဘယ်သူ့ကိုမျှမပြစ်မှားခဲ့။ မည်သူ့ကိုမျှအကျိုးနည်းအောင်မပြုခဲ့။ မည်သူ့အပေါ်တွင်မျှအခွင့်ကောင်းကိုမယူခဲ့။-
3. ဤသို့ဆိုရာ၌သင်တို့အားပြစ်တင်ရှုတ်ချ လို၍မဟုတ်။ ယခင်ကဖော်ပြခဲ့သည်အတိုင်း ငါတို့သည်သင်တို့နှင့်သေအတူရှင်မကွဲ ဖြစ်လိုသည်တိုင်အောင် သင်တို့အားချစ်သော ကြောင့်ဖြစ်၏။-
4. ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။
5. မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။-
6. သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
7. တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
8. အကယ်၍ငါ၏စာသည်သင်တို့အားစိတ်မချမ်း မသာဖြစ်စေခဲ့လျှင် ထိုစာကိုရေးမိသည့်အတွက် ယခုငါဝမ်းမနည်း။ ထိုစာကြောင့်ခေတ္တမျှသင် တို့စိတ်မချမ်းမသာဖြစ်ကြသည်ကိုတွေ့စဉ် အခါကငါဝမ်းနည်းမိခဲ့လျှင်လည်း၊-
9. ယခုဝမ်းမြောက်၏။ သင်တို့အားစိတ်မချမ်း မသာအောင်ပြုခဲ့သည့်အတွက်ကြောင့်မဟုတ်။ စိတ်မချမ်းမသာမှုကသင်တို့အားနောင်တ တရားရစေသည့်အတွက်ကြောင့်ဝမ်းမြောက် ရခြင်းဖြစ်ပေသည်။ ဘုရားသခင်သည်ထို စိတ်မချမ်းမသာမှုကိုအသုံးပြုတော်မူ သည်ဖြစ်ရာငါတို့သည်သင်တို့ကိုအဘယ် သို့မျှမနစ်နာစေခဲ့။-
10. ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။-