၂ ကော 6:5-17 Common Language Bible (BCL)

5. ငါ​တို့​သည်​အ​ရိုက်​ခံ​ခဲ့​ရ​၏။ ထောင်​ကျ​ခဲ့ ကြ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ပြု​လုပ်​ခြင်း တို့​ကို​ခံ​ကြ​ရ​၏။ ငါ​တို့​မှာ​အ​လုပ်​မှ​နား ခွင့်​မ​ရှိ။ အိပ်​ရ​သည်​စား​ရ​သည်​ဟူ​၍​ပင်​မ​ရှိ။-

6. စိတ်​နှ​လုံး​သန့်​ရှင်း​စင်​ကြယ်​ခြင်း၊ ပ​ညာ​သ​တိ ရှိ​ခြင်း၊ သည်း​ခံ​ခြင်း၊ ကြင်​နာ​သ​နား​ခြင်း​တို့ ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် အား​ဖြင့်​လည်း​ကောင်း၊ စစ်​မှန်​သော​မေတ္တာ​အား ဖြင့်​လည်း​ကောင်း၊-

7. သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း​အား​ဖြင့် လည်း​ကောင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​စေ ကြ​၏။ ထိုး​စစ်​ဆင်​သော​အ​ခါ​နှင့်​ခု​ခံ ကာ​ကွယ်​သော​အ​ခါ​၌ ငါ​တို့​သည်​ဖြောင့် မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော​လက်​နက် ကို​အ​သုံး​ပြု​ကြ​၏။-

8. ငါ​တို့​သည်​ချီး​မြှောက်​ခြင်း​နှင့်​ရှုတ်​ချ​ခြင်း ကို​ခံ​ရ​ကြ​၏။ ကဲ့​ရဲ့​ခြင်း​နှင့်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ကြ​၏။ လူ​လိမ်​များ​ဟု​လူ​တို့​သတ်​မှတ် ကြ​သော်​လည်း​ငါ​တို့​သည်​သစ္စာ​စ​ကား​ကို ပြော​ဆို​ကြ​၏။-

9. လူ​သိ​နည်း​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကျော် စော​ထင်​ရှား​ကြ​၏။ သူ​သေ​များ​ကဲ့​သို့​ဖြစ် သော်​လည်း​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။ အ​ပြစ် ဒဏ်​ပေး​ခြင်း​ခံ​ရ​သော်​လည်း​အ​သတ်​မ​ခံ ရ​ကြ။-

10. ဝမ်း​နည်း​ရ​သော်​လည်း​အ​စဉ်​ဝမ်း​မြောက်​ကြ ၏။ သူ​ဆင်း​ရဲ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​လူ အ​မြောက်​အ​မြား​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ ကြ​၏။ ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပိုင် သူ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​အ​လုံး​စုံ​တို့ ကို​ပိုင်​ကြ​၏။

11. ကော​ရိန္သု​မြို့​ရှိ​ချစ်​ဆွေ​တို့၊ ငါ​တို့​သည်​သင်​တို့ အား​ပွင့်​လင်း​စွာ​ပြော​ဆို​ခဲ့​ပြီ။ ငါ​တို့​၏​စိတ် နှ​လုံး​တံ​ခါး​ကို​သင်​တို့​အ​ဖို့​ကျယ်​စွာ​ဖွင့် ထား​ပြီ။-

12. စိတ်​နှ​လုံး​တံ​ခါး​ကို​ပိတ်​၍​ထား​သူ​များ ကား​ငါ​တို့​မ​ဟုတ်။ သင်​တို့​က​သာ​မိ​မိ​တို့ စိတ်​နှ​လုံး​တံ​ခါး​ကို​ငါ​တို့​အ​ဖို့​ပိတ်​ထား ကြ​၏။ ယ​ခု​ငါ​သည်​သင်​တို့​အား​ငါ​၏​သား သ​မီး​များ​သ​ဖွယ်​ပြော​ဆို​နေ​၏။-

13. သို့​ဖြစ်​၍​ငါ​တို့​အား​တုံ့​ပြန်​သော​အ​နေ​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​တံ​ခါး​ကို​ကျယ်​စွာ​ဖွင့် ကြ​လော့။

14. မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်​၍​မ​လုပ် ဆောင်​ကြ​နှင့်။ တွဲ​ဖက်​၍​လုပ်​ဆောင်​ရန်​မ​ဖြစ် နိုင်။ အ​မှား​သည်​အ​မှန်​နှင့်​မည်​သို့​ဖက်​စပ် နိုင်​အံ့​နည်း။ အ​လင်း​သည်​အ​မှောင်​နှင့်​မည်​သို့ ယှဉ်​တွဲ​နေ​နိုင်​အံ့​နည်း။-

15. ခ​ရစ်​တော်​သည်​စာ​တန်​နှင့်​အ​ဘယ်​သို့​သ​ဘော တူ​နိုင်​ပါ​အံ့​နည်း။ ယုံ​ကြည်​သူ​သည်​မ​ယုံ ကြည်​သူ​နှင့်​အ​ဘယ်​သို့​တူ​ညီ​မှု​ရှိ​နိုင်​ပါ မည်​နည်း။-

16. ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''

17. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က၊``ထို​သူ​တို့​အ​ထဲ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​တို့​နှင့်​မ​ပေါင်း​မ​ဖော်​ကြ​နှင့်။မ​သန့်​စင်​သည့်​အ​ရာ​ကို​လက်​နှင့်​မျှ မ​ပတ်​သက်​နှင့်။သို့​ပြု​လျှင်​ငါ​သည်​သင်​တို့​ကို​လက်​ခံ​မည်။

၂ ကော 6