4. ယင်းသို့ပြုမည့်အစားဆင်းရဲဒုက္ခများ၊ ခဲယဉ်း ကျပ်တည်းမှုများ၊ အခက်အခဲများကိုစိတ်ရှည် စွာသည်းခံလျက်ကိစ္စအဝဝတွင်ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်းကို ပေါ်လွင်စေကြ၏။-
5. ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။-
6. စိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်း၊ ပညာသတိ ရှိခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်လည်းကောင်း၊ စစ်မှန်သောမေတ္တာအား ဖြင့်လည်းကောင်း၊-
7. သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
8. ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။-
9. လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-