၂ ကော 6:10-18 Common Language Bible (BCL)

10. ဝမ်း​နည်း​ရ​သော်​လည်း​အ​စဉ်​ဝမ်း​မြောက်​ကြ ၏။ သူ​ဆင်း​ရဲ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​လူ အ​မြောက်​အ​မြား​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ ကြ​၏။ ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပိုင် သူ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​အ​လုံး​စုံ​တို့ ကို​ပိုင်​ကြ​၏။

11. ကော​ရိန္သု​မြို့​ရှိ​ချစ်​ဆွေ​တို့၊ ငါ​တို့​သည်​သင်​တို့ အား​ပွင့်​လင်း​စွာ​ပြော​ဆို​ခဲ့​ပြီ။ ငါ​တို့​၏​စိတ် နှ​လုံး​တံ​ခါး​ကို​သင်​တို့​အ​ဖို့​ကျယ်​စွာ​ဖွင့် ထား​ပြီ။-

12. စိတ်​နှ​လုံး​တံ​ခါး​ကို​ပိတ်​၍​ထား​သူ​များ ကား​ငါ​တို့​မ​ဟုတ်။ သင်​တို့​က​သာ​မိ​မိ​တို့ စိတ်​နှ​လုံး​တံ​ခါး​ကို​ငါ​တို့​အ​ဖို့​ပိတ်​ထား ကြ​၏။ ယ​ခု​ငါ​သည်​သင်​တို့​အား​ငါ​၏​သား သ​မီး​များ​သ​ဖွယ်​ပြော​ဆို​နေ​၏။-

13. သို့​ဖြစ်​၍​ငါ​တို့​အား​တုံ့​ပြန်​သော​အ​နေ​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​တံ​ခါး​ကို​ကျယ်​စွာ​ဖွင့် ကြ​လော့။

14. မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်​၍​မ​လုပ် ဆောင်​ကြ​နှင့်။ တွဲ​ဖက်​၍​လုပ်​ဆောင်​ရန်​မ​ဖြစ် နိုင်။ အ​မှား​သည်​အ​မှန်​နှင့်​မည်​သို့​ဖက်​စပ် နိုင်​အံ့​နည်း။ အ​လင်း​သည်​အ​မှောင်​နှင့်​မည်​သို့ ယှဉ်​တွဲ​နေ​နိုင်​အံ့​နည်း။-

15. ခ​ရစ်​တော်​သည်​စာ​တန်​နှင့်​အ​ဘယ်​သို့​သ​ဘော တူ​နိုင်​ပါ​အံ့​နည်း။ ယုံ​ကြည်​သူ​သည်​မ​ယုံ ကြည်​သူ​နှင့်​အ​ဘယ်​သို့​တူ​ညီ​မှု​ရှိ​နိုင်​ပါ မည်​နည်း။-

16. ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''

17. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က၊``ထို​သူ​တို့​အ​ထဲ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​တို့​နှင့်​မ​ပေါင်း​မ​ဖော်​ကြ​နှင့်။မ​သန့်​စင်​သည့်​အ​ရာ​ကို​လက်​နှင့်​မျှ မ​ပတ်​သက်​နှင့်။သို့​ပြု​လျှင်​ငါ​သည်​သင်​တို့​ကို​လက်​ခံ​မည်။

18. ငါ​သည်​သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည် လည်း​ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်​ဟုအနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။

၂ ကော 6