4. ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
5. ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-
6. ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
7. သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။-
8. ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။-