၂ ကော 4:1-4 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​ရု​ဏာ​တော် နှင့်​အ​ညီ ငါ​တို့​အား​ဤ​အ​မှု​တော်​ဆောင် လုပ်​ငန်း​ကို​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ တို့​တွင်​စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ။-

2. ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။-

3. အ​ကယ်​၍​ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့် သ​တင်း​ကောင်း​သည်​ဖုံး​အုပ်​လျက်​ရှိ​လျှင် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျက်​နေ​သူ​များ အ​တွက်​သာ​လျှင်​ဖုံး​အုပ်​လျက်​ရှိ​သည်။-

4. ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။-

၂ ကော 4