6. ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
7. ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-
8. ဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့်ဆိုင်သော ဘုန်းအသရေသည်အဘယ်မျှသာလွန် တောက်ပလိမ့်မည်နည်း။-
9. အပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာတရားသည် ဘုန်းအသရေနှင့်ပြည့်စုံပါလျှင် ကယ်တင် ခြင်းဆိုင်ရာလုပ်ဆောင်ချက်သည်အဘယ် မျှသာလွန်၍ ဘုန်းအသရေနှင့်ပြည့်စုံ လိမ့်မည်နည်း။-
10. ယခုအခါ၌သာလွန်တောက်ပသောဘုန်း အသရေကြောင့် ယခင်အခါ၌အလွန် တောက်ပသောဘုန်းအသရေသည်ကွယ် ပျောက်သွားပြီ။-
11. ခေတ္တမျှသာတည်သည့်အရာ၌ဘုန်းအသ ရေရှိခဲ့ပါလျှင် ထာဝစဉ်တည်သည့်အရာ ၌အဘယ်မျှပို၍ဘုန်းအသရေရှိလိမ့် မည်နည်း။
12. ငါတို့သည်ဤမျှော်လင့်ခြင်းရှိသဖြင့်အလွန် ရဲရင့်ကြ၏။-
13. ငါတို့ကားမောရှေကဲ့သို့မဟုတ်။ သူသည် မိမိ၏မျက်နှာမှတောက်ပသောအရောင် မှေးမှိန်ကွယ်ပျောက်သွားသည်ကို ဣသရေလ အမျိုးသားတို့မတွေ့မမြင်နိုင်စေရန် မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားရလေသည်။-
14. ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-