၂ ကော 3:15-18 Common Language Bible (BCL)

15. ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။-

16. သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။-

17. သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။-

18. သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။

၂ ကော 3