13. ငါတို့ကားမောရှေကဲ့သို့မဟုတ်။ သူသည် မိမိ၏မျက်နှာမှတောက်ပသောအရောင် မှေးမှိန်ကွယ်ပျောက်သွားသည်ကို ဣသရေလ အမျိုးသားတို့မတွေ့မမြင်နိုင်စေရန် မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားရလေသည်။-
14. ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
15. ယနေ့တိုင်အောင်ပင်လျှင်မောရှေ၏ပညတ်ကျမ်း ကိုဖတ်ကြသည့်အခါများ၌ သူတို့၏စိတ်နှလုံး သည်ပဝါဖုံးလျက်ပင်ရှိသေး၏။-
16. သို့ရာတွင်ယင်းကိုဖယ်ရှားနိုင်၏။ မောရှေနှင့်ပတ် သက်၍ကျမ်းစာတော်က ``သူသည်သခင်ဘုရား ထံသို့ပြောင်းလဲသောအခါ သူ၏ပဝါသည်ပယ် ရှား၍သွား၏'' ဟုဆို၏။-
17. သခင်ဘုရားဟုဆိုရာ၌ဝိညာဉ်တော်ကိုဆိုလို သည်။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။-
18. သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။