၂ ကော 3:10-13 Common Language Bible (BCL)

10. ယ​ခု​အ​ခါ​၌​သာ​လွန်​တောက်​ပ​သော​ဘုန်း အ​သ​ရေ​ကြောင့် ယ​ခင်​အ​ခါ​၌​အ​လွန် တောက်​ပ​သော​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​သွား​ပြီ။-

11. ခေတ္တ​မျှ​သာ​တည်​သည့်​အ​ရာ​၌​ဘုန်း​အ​သ ရေ​ရှိ​ခဲ့​ပါ​လျှင် ထာ​ဝ​စဉ်​တည်​သည့်​အ​ရာ ၌​အ​ဘယ်​မျှ​ပို​၍​ဘုန်း​အ​သ​ရေ​ရှိ​လိမ့် မည်​နည်း။

12. ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။-

13. ငါ​တို့​ကား​မော​ရှေ​ကဲ့​သို့​မ​ဟုတ်။ သူ​သည် မိ​မိ​၏​မျက်​နှာ​မှ​တောက်​ပ​သော​အ​ရောင် မှေး​မှိန်​ကွယ်​ပျောက်​သွား​သည်​ကို ဣသ​ရေ​လ အ​မျိုး​သား​တို့​မ​တွေ့​မ​မြင်​နိုင်​စေ​ရန် မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​ရ​လေ​သည်။-

၂ ကော 3