2. ငါသည်သင်တို့အားဝမ်းနည်းအောင်ပြုပါမူ ငါ့အားရွှင်လန်းစေမည့်သူအဘယ်မှာရှိ တော့မည်နည်း။ ငါ့ကြောင့်ဝမ်းနည်းရသူများ ကလွဲ၍ အဘယ်သူသည်ငါ့အားစိတ်ရွှင် လန်းစေတော့အံ့နည်း။-
3. အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
4. ငါသည်အလွန်ပူပန်သောကရောက်၍မျက် ရည်များစွာကျလျက်ထိုစာကိုရေးလိုက်ခြင်း ဖြစ်၏။ သို့သော်သင်တို့အားဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အားငါမည်မျှချစ်ကြောင်း ကိုသိစေလို၍ရေးလိုက်ခြင်းဖြစ်သည်။
5. တစ်စုံတစ်ယောက်သည်လူတစ်ဦးအားဝမ်းနည်း စေသောအခါငါ့အားသာမက သင်တို့အားလုံး ကိုမဟုတ်လျှင်သင်တို့အချို့အဝက်ကိုလည်း ဝမ်းနည်းစေသည်။ (ထိုသူကိုကျပ်တည်းစွာ မစီရင်လို၍ဤသို့ဆိုခြင်းဖြစ်သည်။-)
6. သင်တို့လူများစု၏ဒဏ်ပေးမှုကိုခံရခြင်း သည်ပင်လျှင် ထိုသူ့အတွက်လုံလောက်သော အပြစ်ဒဏ်ဖြစ်၏။-
7. ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။-
8. သို့ဖြစ်၍သင်တို့သည်သူ့ကိုအမှန်တကယ် မေတ္တာထားကြောင်းကို သူသိရှိနားလည်အောင် ပြုကြရန်သင်တို့အားငါတောင်းပန်၏။-
9. ယခင်ကငါစာရေးခဲ့ရသည့်အကြောင်းမှာ သင်တို့သည်စုံစမ်းနှောင့်ယှက်ခြင်းကိုအဘယ် မျှခံနိုင်ရည်ရှိသည်ကိုလည်းကောင်း၊ ငါညွှန် ကြားချက်များကိုလိုက်နာရန်အစဉ်အသင့် ရှိမရှိကိုလည်းကောင်းသိရှိရန်ဖြစ်၏။-
10. သင်တို့သည်တစ်စုံတစ်ယောက်ကိုအပြစ်ဖြေ လွှတ်သောအခါ ငါသည်လည်းတစ်ခုခုကိုဖြေ လွှတ်ရန်လိုပါလျှင် သင်တို့၏မျက်နှာကို ထောက်၍ခရစ်တော်၏ရှေ့မှောက်တော်၌ထို သူ၏အြုပစ်ကိုဖြေလွှတ်၏။-
11. သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။