၂ ကော 2:1-4 Common Language Bible (BCL)

1. ထို့​ကြောင့်​သင်​တို့​ထံ​နောက်​တစ်​ဖန်​ငါ​လာ​လျှင် သင်​တို့​အား​ဝမ်း​နည်း​စေ​မည်​ဖြစ်​၍​ငါ​မ​လာ ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။-

2. ငါ​သည်​သင်​တို့​အား​ဝမ်း​နည်း​အောင်​ပြု​ပါ​မူ ငါ့​အား​ရွှင်​လန်း​စေ​မည့်​သူ​အ​ဘယ်​မှာ​ရှိ တော့​မည်​နည်း။ ငါ့​ကြောင့်​ဝမ်း​နည်း​ရ​သူ​များ က​လွဲ​၍ အ​ဘယ်​သူ​သည်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​တော့​အံ့​နည်း။-

3. အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-

4. ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။

၂ ကော 2