1. ယခုငါသည်တတိယအကြိမ်သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာတော်ကဖော်ပြသကဲ့သို့ ``အမှု ကိစ္စမှန်သမျှကိုသက်သေနှစ်ဦးသုံးဦး၏ထွက် ဆိုချက်အရစီရင်ဆုံးဖြတ်ရမည်။-''
2. ဒုတိယအကြိမ်ငါလာရောက်ခဲ့စဉ်အခါက ``နောက် တစ်ကြိမ်ငါလာလျှင်သင်တို့အားငါညှာတာလိမ့် မည်မဟုတ်'' ဟုယခင်အပြစ်ကူးခဲ့သူများနှင့် အခြားသူအပေါင်းတို့အားငါကိုယ်တိုင်ကြို တင်သတိပေးခဲ့၏။ ယခုလည်းဤအတိုင်း ပင်အဝေးမှငါထပ်မံ၍သတိပေးလိုက်၏။-
3. ခရစ်တော်သည်ငါ့အားဖြင့်မိန့်တော်မူကြောင်း သက်သေကိုသင်တို့တောင်းဆိုကြသည့်အတိုင်း ငါလာသောအခါရစေမည်။ ခရစ်တော်သည်သင် တို့နှင့်ဆက်ဆံသောအခါစွမ်းအားနည်းတော် မမူဘဲ မိမိ၏တန်ခိုးတော်ကိုသင်တို့အား ထင်ရှားစွာပြတော်မူ၏။-
4. ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။
5. သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။-
6. ငါတို့သည်အစစ်အဆေးခံရာတွင်အောင်မြင် သူများဖြစ်ကြောင်းကို သင်တို့သိလိမ့်မည်ဟု ငါမျှော်လင့်၏။-