၂ ကော 12:5-7 Common Language Bible (BCL)

5. သို့​ဖြစ်​၍​ထို​သူ​၏​အ​ကြောင်း​ကို​ငါ​ကြွား ဝါ​မည်။ သို့​သော်​မိ​မိ​၏​အား​နည်း​ချက်​များ မှ​တစ်​ပါး​အ​ခြား​အ​ရာ​များ​အ​ကြောင်း ကို​ကြွား​ဝါ​လိမ့်​မည်​မ​ဟုတ်။-

6. ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။

7. ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။-

၂ ကော 12