၂ ကော 12:1-6 Common Language Bible (BCL)

1. ဝါ​ကြွား​ခြင်း​သည်​အ​ကျိုး​မ​ရှိ​သော်​လည်း​ငါ ဝါ​ကြွား​ရ​ဦး​မည်။ သို့​ဖြစ်​၍​သ​ခင်​ဘု​ရား ငါ့​အား​ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​များ​နှင့် ဗျာ​ဒိတ်​တော်​များ​အ​ကြောင်း​ကို​ဖော်​ပြ​မည်။-

2. ခရစ်​တော်​၏​တ​ပည့်​တော်​တစ်​ဦး​သည်​လွန်​ခဲ့ သော​တစ်​ဆယ့်​လေး​နှစ်​က​ကောင်း​ကင်​ဘုံ တ​တိ​ယ​အ​ဆင့်​သို့​တိုင်​အောင်​ချီ​ဆောင် ခြင်း​ကို​ခံ​ရ​သည်​ကို​ငါ​သိ​၏။ (ဤ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​သည်​မှာ​တ​ကယ့်​ဖြစ် ပျက်​သ​လား၊ သို့​မ​ဟုတ်​ရူ​ပါ​ရုံ​လား​ငါ မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ​တော်​မူ​၏။-)

3-4. တစ်​ဖန်​ငါ​ဆို​သည်​ကား​ထို​သူ​သည်​ပ​ရ​ဒိ​သု ဘုံ​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​၍​လူ​တို့​နှုတ်​ဖြင့် မ​မြွက်​မ​ဆို​အပ်၊ မြွက်​ဆို​၍​လည်း​မ​ဖြစ်​နိုင် သည့်​စ​ကား​များ​ကြား​ရ​သည်​ကို​ငါ​သိ​၏။ (ထို​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ တ​ကယ်​ဖြစ်​ပျက်​သ​လား​သို့​မ​ဟုတ်​ရူ​ပါ​ရုံ လား​ငါ​မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ တော်​မူ​၏။-)

5. သို့​ဖြစ်​၍​ထို​သူ​၏​အ​ကြောင်း​ကို​ငါ​ကြွား ဝါ​မည်။ သို့​သော်​မိ​မိ​၏​အား​နည်း​ချက်​များ မှ​တစ်​ပါး​အ​ခြား​အ​ရာ​များ​အ​ကြောင်း ကို​ကြွား​ဝါ​လိမ့်​မည်​မ​ဟုတ်။-

6. ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။

၂ ကော 12