1. ဝါကြွားခြင်းသည်အကျိုးမရှိသော်လည်းငါ ဝါကြွားရဦးမည်။ သို့ဖြစ်၍သခင်ဘုရား ငါ့အားပြတော်မူသောရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကိုဖော်ပြမည်။-
2. ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-)
3-4. တစ်ဖန်ငါဆိုသည်ကားထိုသူသည်ပရဒိသု ဘုံသို့ချီဆောင်ခြင်းကိုခံရ၍လူတို့နှုတ်ဖြင့် မမြွက်မဆိုအပ်၊ မြွက်ဆို၍လည်းမဖြစ်နိုင် သည့်စကားများကြားရသည်ကိုငါသိ၏။ (ထိုသို့ချီဆောင်ခြင်းကိုခံရသည်မှာ တကယ်ဖြစ်ပျက်သလားသို့မဟုတ်ရူပါရုံ လားငါမသိ။ ဘုရားသခင်သာလျှင်သိ တော်မူ၏။-)
5. သို့ဖြစ်၍ထိုသူ၏အကြောင်းကိုငါကြွား ဝါမည်။ သို့သော်မိမိ၏အားနည်းချက်များ မှတစ်ပါးအခြားအရာများအကြောင်း ကိုကြွားဝါလိမ့်မည်မဟုတ်။-