1. ဝါကြွားခြင်းသည်အကျိုးမရှိသော်လည်းငါ ဝါကြွားရဦးမည်။ သို့ဖြစ်၍သခင်ဘုရား ငါ့အားပြတော်မူသောရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကိုဖော်ပြမည်။-
2. ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-)
5. သို့ဖြစ်၍ထိုသူ၏အကြောင်းကိုငါကြွား ဝါမည်။ သို့သော်မိမိ၏အားနည်းချက်များ မှတစ်ပါးအခြားအရာများအကြောင်း ကိုကြွားဝါလိမ့်မည်မဟုတ်။-
6. ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။
7. ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-
8. ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။-
9. သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
10. ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။
11. ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
12. ငါသည်တမန်တော်တစ်ပါးဖြစ်ကြောင်းကို နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများအား ဖြင့်သင်တို့အားစိတ်ရှည်လက်ရှည်ငါ သက်သေပြခဲ့၏။-