၂ ကော 11:25-29 Common Language Bible (BCL)

25. ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-

26. ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။-

27. အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

28. ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။-

29. အား​နည်း​သူ​ရှိ​လျှင်​ငါ​သည်​လည်း​အား​နည်း ရ​၏။ အ​ပြစ်​ကူး​သူ​ရှိ​လျှင်​ငါ​သည်​ပူ​ပန် ရ​၏။

၂ ကော 11