၂ ကော 11:16-23 Common Language Bible (BCL)

16. တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-

17. ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-

18. သို့​သော်​လူ​အ​များ​က​လော​ကီ​အ​ရာ​များ အ​တွက်​ကြွား​ဝါ​တတ်​ကြ​သည်​ဖြစ်​ရာ ငါ သည်​လည်း​ကြွား​ဝါ​မည်။-

19. သင်​တို့​သည်​ပ​ညာ​ရှိ​ကြီး​များ​ဖြစ်​သ​ဖြင့် လူ မိုက်​များ​ကို​ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​ပေ​သည်။-

20. သင်​တို့​သည်​မိ​မိ​တို့​အား​စေ​စား​သူ၊ အ​ခွင့် ကောင်း​ယူ​သူ၊ အ​မြတ်​ထုတ်​သူ၊ အ​ထင်​အ​မြင် သေး​သူ၊ ပါး​ရိုက်​သူ​တို့​ကို​သည်း​ခံ​ကြ​၏။-

21. ငါ​တို့​သည်​ဤ​သို့​သော​အ​မှု​တို့​ကို​သင်​တို့​အား ပြု​ရန်​သတ္တိ​မ​ရှိ​ကြောင်း​ကို​ရှက်​ရှက်​နှင့်​ပင်​ငါ ဝန်​ခံ​၏။သို့​ရာ​တွင်​လူ​မိုက်​အ​နေ​နှင့်​ပြော​ရ​မည်​ဆို​လျှင် အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​က​အ​ရာ​တစ်​ခု အ​တွက်​ကြွား​ဝါ​ပါ​က​ငါ​လည်း​ကြွား​ဝါ နိုင်​၏။-

22. သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​သည်​ဟု ဆို​လျှင် ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း ဖြစ်​၏။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ် များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း​ဖြစ်​၏။-

23. သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-

၂ ကော 11