14. သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။-
15. သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။
16. တစ်ဖန်ငါဆိုသည်ကားငါ့အားလူမိုက်ဟု အဘယ်သူမျှမထင်မမှတ်စေနှင့်။ သို့ရာတွင် သင်တို့ထင်မှတ်ကြလျှင်လည်းလူမိုက်အဖြစ် ဖြင့်ပင်ငါ့အားလက်ခံကြလော့။ သို့မှသာ လျှင်ငါ့မှာကြွားဝါစရာအခွင့်အနည်း ငယ်ရရှိနိုင်ပေမည်။-