1. ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
2. ငါတို့သည်လောကီအကျိုးကိုမြော်ကိုး၍ ဆောင်ရွက်သူများဖြစ်သည်ဟုစွပ်စွဲဝေဖန် ကြသောသူတို့အား ငါသည်မိမိ၏ရဲစွမ်း သတ္တိကိုငါပြနိုင်ကြောင်းကိုသိစေလို၏။ သို့ ဖြစ်၍သင်တို့ထံသို့ငါရောက်ရှိလာသော အခါ ထိုရဲစွမ်းသတ္တိကိုပြရသည့်အဖြစ် နှင့်မကြုံမတွေ့ရပါစေနှင့်။-
3. ငါတို့သည်ဤလောက၌အသက်ရှင်နေ ထိုင်လျက်ရှိကြသည်မှန်သော်လည်း လောကီ အကျိုးကိုမျှော်ကိုး၍တိုက်ပွဲဝင်နေကြ သည်မဟုတ်။-
4. ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊-
5. ဘုရားသခင်အားသိကျွမ်းမှုပညာကို ပိတ်ပင်ဆီးတားသည့်မာန်မာနမှန်သမျှ ကိုလည်းကောင်း ဖြိုဖျက်ချေမှုန်းကြ၏။ ငါ တို့သည်လူတို့၏အကြံအစည်ရှိသမျှတို့ ကိုဖမ်းချုပ်ပြီးလျှင် ခရစ်တော်အားနာခံ စေကြ၏။-
6. သင်တို့သည်ငါတို့စကားကိုအကြွင်းမဲ့လိုက် နာကြောင်းကိုသိသည့်အခါ၌ ငါတို့သည်မ လိုက်နာသူတို့အားအပြစ်ဒဏ်စီရင်ရန် အသင့်ရှိမည်။
7. သင်တို့သည်အပြင်အပလက္ခဏာများကိုသာ ကြည့်ရှုတတ်ကြ၏။ သင်တို့အနက်မိမိကိုယ် ကိုခရစ်တော်၏တပည့်ဖြစ်သည်ဟုစိတ်ချသူ ရှိလျှင် ထိုသူသည်ခရစ်တော်၏တပည့်ဖြစ် သကဲ့သို့ ငါတို့သည်လည်းခရစ်တော်၏တပည့် များဖြစ်ကြောင်းကိုပြန်လည်စဉ်းစားကြည့် စေ။-
8. အကယ်၍ငါသည်သခင်ဘုရားပေးတော်မူ သောအာဏာနှင့်ပတ်သက်၍ အလွန်အကျွံ ဝါကြွားမိခဲ့လျှင်လည်းမရှက်ပါ။ ထိုအာ ဏာသည်သင်တို့အားဖြိုဖျက်ရန်အတွက် မဟုတ်။ ပြုစုပျိုးထောင်ပေးရန်အတွက် ဖြစ်ပေသည်။-