8. ညီအစ်ကိုတို့၊ အာရှပြည်တွင်ငါတို့ခံခဲ့ ရသည့်ဆင်းရဲဒုက္ခအကြောင်းကိုသင်တို့ အားပြန်လည်သတိရစေလို၏။ ငါတို့ မခံမရပ်နိုင်အောင်ဆင်းရဲဒုက္ခကိုခံရ သဖြင့် ငါတို့သည်အသက်ရှင်နိုင်ရန်မျှော် လင့်ချက်မရှိခဲ့ပေ။-
9. ငါတို့သည်သေဒဏ်စီရင်ခြင်းခံရသူများ ဟုမိမိတို့ကိုယ်တိုင်ကိုထင်မှတ်ကြ၏။ သို့ ရာတွင်ဤသို့ဖြစ်ပျက်ရခြင်းမှာငါတို့ သည် မိမိတို့ကိုယ်ကိုအားမကိုးဘဲ သူသေ တို့အားရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်ကိုအားကိုးကြစေရန်ဖြစ် ၏။-
12. ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
13. ယခုငါရေးသားပေးပို့လိုက်သောစာများ တွင် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာများသာလျှင်ပါရှိ၏။-
14. ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
15. ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊-
16. မာကေဒေါနိပြည်သို့အသွားတွင်တစ်ကြိမ်၊ ထိုပြည်မှအပြန်တွင်တစ်ကြိမ်သင်တို့ထံသို့ ဝင်ရောက်ပြီးနောက်ယုဒပြည်သို့သွားနိုင်ရန် သင်တို့ထံမှအကူအညီကိုတောင်းခံမည် ဟုအကြံရှိ၏။-
17. ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။-
18. ဘုရားသခင်သည်ယုံကြည်ထိုက်သောအရှင် ဖြစ်တော်မူသကဲ့သို့ ငါပြောသောစကားသည် လည်းစကားနှစ်ခွမဟုတ်။-