18. ဘုရားသခင်သည်ယုံကြည်ထိုက်သောအရှင် ဖြစ်တော်မူသကဲ့သို့ ငါပြောသောစကားသည် လည်းစကားနှစ်ခွမဟုတ်။-
19. သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
20. ဘုရားသခင်၏ကတိတော်အပေါင်းတို့သည် ``ဟုတ်မှန်သည်'' ဟုဖော်ပြသောအရှင်ဖြစ် တော်မူ၏။ ထိုကြောင့်ငါတို့သည်ဘုရားသခင် ၏ဘုန်းအသရေတော်ထွန်းတောက်စေရန်ယေရှု ခရစ်ကိုအမှီပြု၍``အာမင်'' ဟုဆိုခြင်းဖြစ်၏။-
21. သင်တို့နှင့်ငါတို့အားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းအသက်ရှင်စေတော်မူသောအရှင် မှာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေသည်။ ဘုရားသခင်ကိုယ်တော်တိုင်ငါတို့အားသီး သန့်ရွေးချယ်တော်မူ၍၊-