1. ညီအစ်ကိုတို့၊ ဤအမှုများဖြစ်ပျက်မည့် အချိန်ကာလအကြောင်းကိုသင်တို့အား ရေးသားရန်မလို။-
2. သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-
3. ``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
4. သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့မူကားမှောင်မိုက် တွင်နေသူများမဟုတ်သဖြင့် သခင်ဘုရား ကြွလာတော်မူရာနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ထံသို့တိတ်တဆိတ်ရောက်ရှိ၍မလာ နိုင်။-
5. သင်တို့အားလုံးပင်အလင်းတွင်လည်းကောင်း၊ နေ့ တွင်လည်းကောင်းကျင်လည်သူများဖြစ်ကြ၏။ ငါ တို့သည်ညဥ့်တွင်လည်းကောင်းမှောင်မိုက်တွင်လည်း ကောင်းကျင်လည်သူများမဟုတ်။-
6. သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-
7. လူတို့သည်ညဥ့်အခါ၌အိပ်တတ်ကြ၏။ ညဥ့် အခါ၌သေရည်သေရက်မူးယစ်တတ်ကြ၏။-
8. သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
9. ဘုရားသခင်သည်ငါတို့အားအမျက်တော် သင့်စေရန်ရွေးကောက်တော်မူသည်မဟုတ်။ အရှင် သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်း ခံရကြစေရန်ရွေးကောက်တော်မူ၏။-
10. ခရစ်တော်ကြွလာတော်မူချိန်၌ငါတို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ ရှင်လျက်နေသည် ဖြစ်စေ ကိုယ်တော်နှင့်အတူအသက်ရှင်ခွင့်ကို ရရှိနိုင်ကြစေရန် ကိုယ်တော်သည်ငါတို့အတွက် အသက်တော်ကိုစွန့်တော်မူပေသည်။-
11. သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။
12. ညီအစ်ကိုတို့၊ သင်တို့ထံတွင်အမှုတော်ကို ဆောင်ရွက်နေသော၊ သင်တို့အားလမ်းပြသွန် သင်ရန် သခင်ဘုရားခန့်ထားတော်မူသော သူများကိုကြည်ညိုလေးစားကြရန်ငါတို့ တိုက်တွန်း၏။-