3. ဘုရားသခင်သည်သင်တို့အားသန့်ရှင်း မြင့်မြတ်ကြစေရန်နှင့် ကာမဂုဏ်လွန်ကူး မှုနှင့်လုံးဝကင်းကြစေရန်အလိုရှိတော် မူ၏။-
4. အမျိုးသားတိုင်းပင်သန့်ရှင်းဖြူစင်တင့်တယ် လျောက်ပတ်စွာမိမိ၏ဇနီးနှင့်ပေါင်းသင်း နေထိုင်တတ်ရမည်။-
5. ဘုရားသခင်ကိုမကိုးကွယ်သူတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့မလိုက်ရ။-
6. ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-
7. ဘုရားသခင်သည်ငါတို့အားကာမဂုဏ်လိုက် စားမှု၌ မွေ့လျော်စေရန်ခေါ်ယူရွေးကောက်တော် မူသည်မဟုတ်။ သန့်ရှင်းဖြူစင်စွာပြုမူကျင့် ကြံနေထိုင်ကြစေရန်ခေါ်ယူရွေးကောက်တော် မူပေသည်။-
8. သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။