8. ငါတို့သည်သင်တို့အားလွန်စွာချစ်မြတ်နိုး ကြသည်ဖြစ်၍ငါတို့သည်ဘုရားသခင် ၏သတင်းကောင်းကိုသာမက ငါတို့၏ အသက်ကိုပင်သင်တို့အားပေးလိုသော ဆန္ဒရှိကြ၏။-
9. ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။