4. ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။-
5. သင်တို့သိသည်အတိုင်းငါတို့သည်အဘယ် အခါ၌မျှမြှောက်ပင့်၍မပြော။ ငါတို့ လောဘရှိ၍ဟန်ဆောင်သောစိတ်နှင့်မကြေ ညာမဟောပြောကြောင်းကို ဘုရားသခင် သည်ငါတို့သက်သေဖြစ်တော်မူ၏။-
8. ငါတို့သည်သင်တို့အားလွန်စွာချစ်မြတ်နိုး ကြသည်ဖြစ်၍ငါတို့သည်ဘုရားသခင် ၏သတင်းကောင်းကိုသာမက ငါတို့၏ အသက်ကိုပင်သင်တို့အားပေးလိုသော ဆန္ဒရှိကြ၏။-
9. ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။
10. ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-
11. ဖခင်သည်မိမိ၏သားသမီးတို့နှင့်ဆက်ဆံ သကဲ့သို့ ငါတို့သည်သင်တို့ရှိသမျှနှင့်ဆက် ဆံကြောင်းသင်တို့သိကြ၏။-
12. ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။
13. ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။-
14. ညီအစ်ကိုတို့၊ သင်တို့၏အတွေ့အကြုံမှာ ယုဒပြည်ခရစ်ယာန်များဖြစ်သည့်ဘုရား သခင်၏အသင်းတော်ဝင်တို့အတွေ့အကြုံ နှင့်တူပေသည်။ သင်တို့သည်မိမိတို့အမျိုး သားများ၏လက်တွင်ဆင်းရဲဒုက္ခရောက် ကြသကဲ့သို့ ထိုသူတို့သည်လည်းယုဒ အမျိုးသားများ၏လက်တွင်ဆင်းရဲ ဒုက္ခရောက်ရကြ၏။-